1
/
of
9
The Celestial Bond; Tiger & Dragon ( Yin & Yang Synergy )
The Celestial Bond; Tiger & Dragon ( Yin & Yang Synergy )
-------------------------------------------------------------------
Created by- Jum Jum
Creator's Vlog
https://vt.tiktok.com/ZSVCfVkM1/
-------------------------------------------------------------------
မင်္ဂလာပါဗျ၊ THE CHUCK SPOT
ကျနော်က ပြိုင်ပွဲဝင် Jum Jum ပါ၊ Daweiကပါ။
My Sole My Story/( Season -1)တုန်းက runner up ရရှိခဲ့ပါတယ်ဗျ၊
ကျနော်က ပြိုင်ပွဲဝင် Jum Jum ပါ၊ Daweiကပါ။
My Sole My Story/( Season -1)တုန်းက runner up ရရှိခဲ့ပါတယ်ဗျ၊
1.ပြိုင်ပွဲဝင်ဖြစ်ပုံ
အခုနှစ် My Sole My Story _(Season -2) မှာ ပါဝင်ဖြစ်ပုံကတော့ ၊Season -1 တုန်းက ဆုရခဲ့တဲ့ Gift Voucher နဲ့ Converse AS-1pro လေးတရံ ဝယ်ယူခဲ့ပါတယ်၊ တခါမှမစီးခဲ့ရဘူး၊ ဒီနှစ်တော့ စည်းမျဥ်း အသစ်ဖြစ်တဲ့ ဖိနပ်က Authentic ဖြစ်ရမယ် ဆိုတာနဲ့ ပြိုင်ဖူးပြီးသားလည်း ရတယ်ဆိုလို့ ထပ်ပြိုင်မယ်လို့ ဆုံးဖြစ်လိုက်တာပါ။
မနှစ်ကဖန်တီးမှု နဲ့မတူတဲ့စိတ်ကူး အရောင်းတန်းလည်းဝင်တဲ့ ဖိနပ်မျိုးလေး ဖန်တီးပြီးချပြချင်ခဲ့ပါတယ်။
အဲဒီလို စိတ်ကူးလိုက်ပေမယ့်၊ တော်တော်များများက Converse Chuck Taylor တွေနဲ့ ပြိုင်ကြတာများတယ်၊ကျုပ်မှာ လက်ထဲရှိတာက Converse AS-1pro Colour ပိုင်းကလည်းNavy Blueဖြစ်နေတော့ ဖန်တီးဖို့ရာက၊Challenge ဖြစ်ခဲ့တယ်။ တော်တော်လေးတွေးတိုင်ပတ်ပြီး၊ အမျိုးမျိုးစဉ်းစားကာအချိန်ယူခဲ့ရပါတယ်ဗျာ။
(Season-1 ) တုန်းက Yin-Yang မနှစ်က ပြိုင်ပွဲဝင်တဲ့ဖိနပ်လေးက ၁ရက်ထဲနဲ့ ဖန်တီးခဲ့ရပေမဲ့
(Season -2) ဒီနှစ်မှာတော့ ၁ပတ်လောက်အချိန်ယူပြီး ဖန်တီးခဲ့ရပါတယ်။
The Celestial Bond:Tiger & Dragon
(Yin & Yang Synergy)
အရင်ဦးစွာ ဒီဖိနပ်ကို စပြီး ဖန်တီးဖြစ်တဲ့ Story လေးကတော့
ညီအစ်ကို ၂ ယောက်ပါ ၊ ကျွန်တော်ရယ် ကျနော်ရဲ့ ဆုံးသွားပြီဖြစ်တဲ့အစ်ကိုရယ် ပေါ့၊
ကျနော် ပန်းချီ အနုပညာ ပိုးပါလာတာဟာ ငယ်ငယ်က အစ်ကို ပန်းချီဆွဲတဲ့ အချိန်ဆိုနံဘေးကနေ အမြဲတမ်းလိုလိုရှိခဲ့တာပါပဲ၊ ကျွန်တော်ရဲ့ သင်ဆရာ ရောအမြင်ဆရာ ပါဖြစ်တဲ့သူပါ၊ သူက စာလည်း သိပ်တော်တယ် ၊ပန်းချီလည်း သိပ်ထူးချွန်သူပါ၊ (ကျွန်တော်နဲ့က ဆန့်ကျင်ဘက်ပဲ) ငယ်ငယ် လေးကတည်းက ကျောက်ကပ်ရာဂါဝေဒနာ ခံစားနရတာ သူအသက် ၁၇နှစ်မှာ ဆုံးသွားရှာတယ်။
အစ်ကိုဆုံးပြီးတဲ့အချိန်ကနေ စပြီး ငါလည်း တစ်နေ့ပန်းချီမှာ သူကို မမှီပေမယ့်၊ သူထက်သာ စေရမယ်လို့
စိတ်ထဲ ကြုံးဝါးနေကျ၊ အဲကတည်းက စပြီး ပန်းချီကိုပိုပြီးလေ့လာ၊ ပြီး လေ့ကျင့်ခဲ့ပါတယ်၊ ဘာသင်တန်းမှ မတက်ဖူးပါဘူးဗျ၊
2.Story
ပြိုင်ပွဲဖြစ်တဲ့ Title ကိုလည်း မေ့မရ ၊အဲတာနဲ့ Story ကိုစဉ်းစားကြည့်တော့ ၊ဆုံးသွားတဲ့ ကျနော်အစ်ကို ကိုသတိရသွားတယ်ဗျ၊ ကျနော်အခုလို ပန်းချီဖြစ်တဲ့ နုပညာကို စိတ်ဝင်စား တတ်မြောင်လာတာဟာအစ်ကိုရဲ့ကျေးဇူး တွေအများကြီးပါပါတယ်၊ သူအရင် ကျနော်ရဲ့ အမြင်ဆရာ ဖြစ်ခဲ့တာပါ၊
[ အစ်ကိုရဲ့ လမ်းပြပေးခဲ့တဲ့ အနုပညာ ဂုဏ်ပြုသောအနေဖြစ်- အမှတ်တရလေးလည်းဖြစ်အောင်
ကျတော်ရဲ့ သင်ဆရာ၊မြင်ဆရာဖြစ်သော အစ်ကိုရဲ့ မြင့်မြတ်လှသော အနုပညာ စိတ် ဝိညာဉ် (နဂါး )နဲ့ ကျတော်ရဲ့ ကြိုးစား အားထုတ်မှု (ကျား)တို့ပေါင်းစပ်မှု ]
:Tiger (ကျား)= Yin (ယင်) ကအားအကောင်းဆုံး တိရစ္ဆာန်ကိုယ်စားလှယ်ပါ၊၊ရဲရင့်မှု
ကြံ့ခိုင်မှု နဲ့သတ္တိရှိမှု ၊ စောင့်ဆိုင်းတတ်တယ် လုပ်ဆောင်ရင်ပြင်းထန်တယ်၊ မြေကြီးအစွမ်းအင်ကို ကိုယ်စားပြုပြီး၊
:Dragon(နဂါး)= Yang (ယန်)ကမြင့်ဆုံး ကိုယ်စားလှယ် မြင့်မြတ်မှုနဲ့ အစွမ်းထက်မှု၊ ပညာရှိတယ်၊ ကောင်းကင်ဘုံစွမ်းအား ကို ကိုယ်စားပြုပါတယ်။
"The Celestial Bond:Tiger & Dragon"
"ကောင်းကင်ဘုံဆိုင်ရာ နှောင်ကြိုး :ကျား & နဂါး"
-ကျားနဲ့ နဂါးရဲ့ ဆက်စပ်မှုနှင့် သက်ရောက်မှု (Yin & Yang Synergy)
Yin & Yang (ယင်နဲ့ယန်)မှာ (ကျားနဲ့နံဂါး)ဟာအသက်
ရှိတိရစ္ဆာန်ပုံစံနဲ့ ပိုပြီး အသက်ဝင်အောင် ဖော်ပြထားတာဖြစ်ပါတယ်၊
(အဖြူနဲ့ အမည်း) ဆန့်ကျင်ဘက် အင်အားစု ၂ခု က၊ တရုတ်ရိုးရာမှာ အလွန်ရေးပါပြီး နက်အဓိပ္ပာယ်တွေ ရှိပါတယ်ဗျ၊
(Yin)အမည်းရောင်က ကျား ကို ကိုယ်စားပြုပြီး၊
(Yang )အဖြူရောင်က နံဂါးကို ကိုယ်စားပြုပါတယ်၊တစ်ခုနဲ့တစ်ခုဖြည့်ဆည်းပေးပြီး ၊ဆန့် ကျင်ဘက် အင်အားစု ၂ခုကို ကိုယ်စားပြုတာပါ။
၁. ကောင်းကင်နဲ့ မြေကြီး
၂.ခွန်အားနဲ့ ပညာ
၃.လုပ်ဆောင်မှုနဲ့ စောင့်ဆိုင်းမှု
အချုပ် - "ဘဝမှာ ဘယ်အရာမဆို လွန်ကဲမှုမရှိဘဲ မျှတနေဖို့လိုအပ်တယ်" ဆိုတာပါပဲ။
စိတ်ပူပန်မှုနဲ့ တည်ငြိမ်မှု ၊အလုပ်နဲ့ အနားယူမှု ၊ပညာနဲ့ ခွန်အား စတာတွေကြားမှာ မျှခြေရှာဖွေခြင်းကသာ အစစ်အမှန်စွမ်းအားကို ပေးစွမ်းနိုင်မှာဖြစ်တယ်လို့ ယုံကြည်ပါတယ်ဗျ၊
:Design & Color ;ဖိနပ်ရဲ့ Dark /Cool Tone ဘက်ဖြစ်တာကြောင့် ရေးဆွဲမယ့် အရောင် အနီရောင်၊Gold Color တွေနဲ့ ဖိနပ်ရဲ့ ဖွဲ့စည်းပုံနဲ့ လိုက်ဖက်စွာ ဖန်တီးခဲ့ပါတယ်ဗျ။
